ရေတာရှည်မြို.နယ်၊ စိုင်းရကြိုးဝိုင်းအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၇.၂.၂၀၁၉ရက်နေ့၊ ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ နှင့် သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ စိုင်းရကြိုးဝိုင်းအကွက်(၉၅)အတွင်း၊ လုံးရမ်းချောင်းဘေး၌ တရားမဝင် ကျွန်းသစ်လုံး/ခွဲသား (၆၆) လုံး/ချောင်း (၂.၇၁၃၂) တန်နှင့် လှည်း(၆)စီးအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, February 20, 2019 - 15:45