ပျဉ်းမနားမြို့နယ်၊ နန်ချိုကြိုးပြင်တောအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၉-၂-၁၉ရက်နေ့တွင် အထက်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ ပျဉ်းမနားမြို့နယ်၊ သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ တပ်မတော်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ နန်ချိုကြိုးပြင်တောအတွင်းမှ တရားမဝင် ကညင်ခွဲသား စုစုပေါင်း (၃၆)လုံး(၁၁.၆၇၄၂) တန် ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, February 21, 2019 - 11:15