မြစ်ကြီးနားမြို့နယ်၊ ပလန (၂)ကျေးရွာအနီးတွင် တရားမဝင်သစ်လုံးများ ဖမ်းဆီးရမိ

၂၀.၂.၂၀၁၉ ရက်နေ့(၁၆:၀၀ )နာရီအချိန်တွင် မြစ်ကြီးနားမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ နှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ ပလန (၂)ကျေးရွာမြောက်ဘက်(၃)မိုင်ခန့်အကွာ၊ တောစပ်အနီး၌ စုပုံထားသော တရားမဝင်ကညင်/ကြေးလံ/ ကံ့ကော်ဖိုသစ်လုံး (၃၂)လုံး (၂၇.၃၄၈) တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ် ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, February 21, 2019 - 13:30