ဆောမြို့နယ်၊ ကြိုင်ကြိုးဝိုင်းအတွင်း တရားမဝင်ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

၁၉.၂.၂၀၁၉ ရက်နေ့တွင် ဂန့်ဂေါခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဆောမြို့နယ်၊ ကြိုင်ကြိုးဝိုင်းအတွင်းမှ တရားမဝင်ပိတောက်ခွဲသား (၈၈)ချောင်း (၆.၅၅၇၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ် ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, February 22, 2019 - 10:30