ပန်းတောင်းမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းအနီးတွင် တရားမဝင်ကျွန်းခွဲသားများ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေပို့ ချက်အရ ၂၀.၂.၂၀၁၉ ရက်နေ့တွင် ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ကြိုးပြင်ခုတ်ကွက်(၁၂၁)၊ ပုသိမ်-မုံရွာကားလမ်း အရှေ့ဘက်၊ မိုင်တိုင်(၁၇၀/၁) အနီးဝန်းကျင်နေရာများမှ တရားမဝင်ကျွန်းခွဲသား (၁၆၈)ချောင်း (၂၂.၀၇၃၂)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိ ခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

date: 
Friday, February 22, 2019 - 10:30