သပိတ်ကျင်းမြို့နယ်၊ ဆင်ညှပ်ကုန်းကျေးရွာအနီးမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးချက် အရ ၂၀.၂.၂၀၁၉ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သပိတ်ကျင်းမြို့နယ်၊ ဆင်ညှပ်ကုန်းကျေးရွာ အရှေ့မြောက်ဘက်(၂)မိုင်ခန့်အကွာ၊ ကြံခင်းအနီးမှ တရားမဝင် အင်ကြင်းသစ်/ပျဉ်းကတိုး သစ်လုံး/ လုံးပတ်၃ပေအောက်သစ် (၄၀)လုံး(၈.၁၅၂၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, February 25, 2019 - 10:15