One Map Myanmar မှ Dr.Joan Bastide၊ Chief Technical Advisor ဦးဆောင်သော စီမံကိန်းနည်းပညာအဖွဲ့မှ လာရောက်တွေ့ဆုံ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမတွင် (၂၅- ၉ -၂၀၁၉)ရက်နေ့ ၊ နံနက်(၁၀:ဝ၀)နာရီအချိန်၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီနှင့် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်တို့ အား One Map Myanmar မှ Dr.Joan Bastide၊ Chief Technical Advisor ဦးဆောင်သော စီမံကိန်းနည်းပညာအဖွဲ့မှ လာရောက်တွေ့ဆုံပြီး OneMap Myanmar online platform prototype အားရှင်းလင်းတင်ပြခြင်းနှင့် OneMap Myanmar အား ဆက်စပ်ပတ်သက်သူများ ထံချပြနိုင်ရေး လုပ်ငန်းစဉ်အပေါ်ဆွေးနွေးခြင်း၊ စီမံကိန်း၏ အခြားလုပ်ငန်းတိုးတက်မှုများအားတင်ပြခြင်း၊ ကိန်းဂဏန်းအချက်အလက်များ မျှဝေသုံးစွဲခြင်းဆိုင်ရာ စိန်ခေါ်မှုများတင်ပြခြင်း၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်းဆိုင်ရာလုပ်ငန်းများ အပေါ်ဆွေးနွေးတင်ပြခဲ့သည်။

date: 
Monday, February 25, 2019 - 14:30