ဘုရားကြီး-ဇောင်းတူ-တိုက်ကြီးကားလမ်းတစ်လျှောက်မှ တရားမဝင်သစ်နှင့်မီးသွေးများ ဖမ်းဆီးရမိ

ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေးအတွက် တရားဝင်သစ်ထုတ်လုပ်မှုအား (၁၀)နှစ်ရပ်ဆိုင်းထားသည့်အပြင် တရားမဝင် သစ်၊ ထင်း၊ မီးသွေးများ ထုတ်ယူမှုမရှိစေရေး ထိန်းသိမ်းကာကွယ်စောင့်ရှောက်လျက်ရှိပြီး ၂၂.၂.၂၀၁၉ ရက်နေ့တွင် ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ပါ ပူးပေါင်းအဖွဲ့မှ ဘုရားကြီး-ဇောင်းတူ-တိုက်ကြီးကားလမ်းတစ်လျှောက် နယ်မြေရှင်းလင်းရာ တရားမဝင်အခြားခွဲသား (၂.၇၇၄၆)တန်၊ မီးသွေး(၃၂၉.၆)တန်၊ ယာဉ်(၇)စီး၊ တရားခံ (၁၆)ဦး ဖမ်းဆီးရမိပြီး၊ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, February 26, 2019 - 12:00