သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းဆိုင်ရာ လမ်းပြမြေပုံ(Agroforestry Roadmap)ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ ကို ကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ၂၆-၂-၂၀၁၉ ရက်နေ့ နံနက်(၉:ဝ၀)နာရီအချိန်တွင် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းဆိုင်ရာ လမ်းပြမြေပုံ(Agroforestry Roadmap)ရေးဆွဲခြင်း အလုပ်ရုံဆွေးနွေးပွဲ ကို ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်မှ အဖွင့်အမှာစကားပြောကြားပါသည်။ အဆိုပါအစည်းအဝေးသို့ ဆက်စပ်ဝန်ကြီးဌာန၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သောအဖွဲ့အစည်း များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ တက်ရောက်ခဲ့ကြပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် အထွေထွေဆွေးနွေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်….

date: 
Wednesday, February 27, 2019 - 09:15