WWF-Myanmar မှ Mr.A.Christy Williasm, Country Diretor နှင့်အဖွဲ့မှ လာရောက်တွေ့ဆုံ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၂၆-၂-၂၀၁၉ ရက်နေ့၊ နံနက်(၁၀:ဝဝ)နာရီအချိန်တွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား WWF-Myanmar မှ Mr.A.Christy Williasm, Country Diretor နှင့်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ ဝန်ကြီးဌာနနှင့် WWF Myanmar တို့ လက်မှတ်ရေးထိုးထားသည့် MoU အောက်တွင် သစ်တောဦးစီးဌာနနှင့် လက်မှတ်ရေးထိုးထားသော မြန်မာ့ဇီဝမျိုးစုံမျိုးကွဲကာကွယ်ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ သဘောတူညီချက်စာလွှာ(LoA)အရ ဆောင်ရွက်မည့် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေ စီမံခန့်ခွဲမှု သင်တန်းကျောင်း(Myanmar Wildlife Conservation and Protected Area Managenent School တည်ဆောက်နိုင်ရေး ကိစ္စများအားလာရောက် ဆွေးနွေးခဲ့ ပါသည်။

date: 
Wednesday, February 27, 2019 - 09:30