ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်း ကျောင်း (AFoCO RETC)တွင် ၂၀၁၈ ခုနှစ်မှစ၍ သင်တန်းများ ဖွင့်လှစ်ပို့ချ

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်း ကျောင်း (AFoCO RETC)တွင် ၂၀၁၈ ခုနှစ်မှစ၍ သင်တန်းများ ဖွင့်လှစ်ပို့ချ လျက်ရှိပါသည်၊၂၀၁၉ ခုနှစ်အတွင်း ဖွင့်လှစ်ပို့ချသွားမည့် သင်တန်းအစီအစဉ်အနက် “သစ်တောများ ပြန်လည်တည်ထောင်ရေးနှင့် စားနပ်ရိက္ခာဖူလုံရေးကို ဦးတည်လျက် ကိုရီးယားသမ္မတ နိုင်ငံ၏ အမျိုးသားအဆင့် စ်တောများ ပြန်လည်တည်ထောင်ခြင်း အတွေ့အကြုံများမှ ရရှိသည့် သင်ခန်းစာများဆိုင်ရာ ပုံမှန်သင်တန်းအစီအစဉ်” (AFoCO Regular Training Course on Lessons Learned from the National Reforestation Experiences of the Republic of Korea with Focus on Reforestation and Food Security)သင်တန်းကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၂ ရက်နေ့အထိ ဖွင့်လှစ်ကျင်းပခဲ့ပါသည်၊ နိုင်ငံအလိုက် သို့မဟုတ် နယ်နမိတ် ထိစပ်လျက်ရှိသော နိုင်ငံများကြား သစ်တောများ ပြန်လည်ထူထောင်ရေးနှင့် စားနပ်ရိက္ခာဖူလုံစေရေး လုပ်ငန်းမူဝါဒနှင့် စီမံ အုပ်ချုပ်ခြင်း များအပေါ် စံနမူနာ လုပ်ငန်းများကို မျှဝေနိုင်ရန်၊ သစ်တောများ ပြန်လည်ထူထောင် ရာတွင် ယခင် အတွေ့အကြုံကောင်းများမှ သင်ခန်းစာယူ၍ ကိုယ်ပိုင်စံနမူနာ ပုံစံများ ဖော်ထုတ်နိုင်ရန်၊ ဆောင်ရွက်ဆဲ/ဆောင်ရွက်သွားမည့် သစ်တောပြန်လည်ထူထောင်ရေး ကြိုးပမ်းမှုများကို အာရှ နိုင်ငံများသို့ ဦးဆောင်လမ်းပြပေးရန် ရည်ရွယ်လျက် ဤ သင်တန်းအစီအစဉ်ကို ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်၊ကွင်းဆင်းလေ့လာရေး ခရီးစဉ်အဖြစ် မြန်မာ့သစ်တောများ ပြန်လည်ထူထောင်ရေး စီမံကိန်း ဧရိယာဖြစ်သော ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ကောလိယကြိုးဝိုင်းရှိ ၂၀၁၈-၂၀၁၉ ခုနှစ်၊ ကျွန်းစိုက်ခင်း ဧက(၁၅၀)သို့ သွားရောက်လေ့လာခဲ့ကြပါသည်၊

date: 
Wednesday, February 27, 2019 - 10:30