ဂွမြို့နယ်၊ ချောင်းသာကြီးချောင်းအတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ၂၄-၂-၂၀၁၉ ရက်နေ့တွင် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဂွမြို့နယ်၊ ချောင်းသာကြီးချောင်းအတွင်းမှ တရားမဝင် ကညောင်း/တောင်သရက် ခွဲသား (၁၁၃)ချောင်း (၂၀.၆၉၀၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, February 28, 2019 - 09:30