ကျွန်းစုမြို့နယ်၊ သစ်ရာကျွန်းအနီးတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၄-၂-၂၀၁၉ ရက်နေ့တွင် တိုက်ရေယာဉ်(၁၁၆)မှ ဗိုလ်ကြီးကိုကိုလေး (ရေ-၄၅၀၁)ဦးစီးသည့်အဖွဲ့သည် ကျွန်းစုမြို့နယ်၊ သစ်ရာကျွန်းတောင်ဘက် (၄)မိုင်ခန့်အကွာနေရာ၌ စက်လှေ(၁)စီးပေါ်မှ တရားမဝင် ဥဘန်/ကတွဒ် ခွဲသား (၁၇၄)ချောင်း (၉.၈၆၂၈)တန်အား တရားခံ(၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ကျွန်းစုမြို့မရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, February 28, 2019 - 09:45