သစ်ခိုးထုတ်နိုင်သည့်လမ်းများအား သစ်တောဦးစီးဌာနမှ ဖျက်ဆီးဆောင်ရွက်လျက်ရှိ

တရားမဝင်သစ်ခိုးထုတ်သူများအနေဖြင့် စက်န္တရားများအသုံးပြု၍ တောတွင်း၌ သစ်ခိုးလမ်းများ ဖောက်လုပ်ကာ ခိုးထုတ်သယ်ဆောင်နေခြင်းများ ဆောင်ရွက်နေသဖြင့် သစ်တောဦးစီးဌာနမှ အဆိုပါသစ်ခိုးလမ်းများအား လုံးဝအသုံးပြုနိုင်ခြင်းမရှိစေရန်နှင့် ပြန်လည်ပြုပြင်အသုံးပြုနိုင်ရေး ခက်ခဲစေသည်အထိ လမ်းများကို ထိထိရောက်ရောက် ဖျက်ဆီးဆောင်ရွက်လျက်ရှိပါသည်။စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ပယင်းတောင်ကြိုးဝိုင်းနှင့် နန့်တခွန်ကြိုးဝိုင်း/ အင်းတော်မြို့နယ်၊ မန်မော်ကြိုးဝိုင်း/ ကသာမြို့နယ်၊ ဖက်ဆွတ်ကြိုးဝိုင်းနှင့် အောင်ပုံကြိုးဝိုင်း/ ကောလင်းမြို့နယ်၊ သော်ကြိုးဝိုင်းနှင့် ပြင်တဲကြိုးဝိုင်း/ ဝန်းသိုမြို့နယ်၊ ညောင်ပင်သာကြိုးဝိုင်း နှင့် ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ရွှေကျင်ကြိုးဝိုင်း တို့အတွင်းရှိလမ်းများ၊မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ အရှေ့ရိုးမကြိုးဝိုင်းအတွင်း နှင့် ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိသစ်ထုတ်လမ်းဟောင်းများ၊
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မြောက်ဇာမရီကြိုးဝိုင်း/ လက်ပံတန်းမြို့နယ်၊ မြောက်ဇာမရီကြိုးဝိုင်း/ ပဲခူးခရိုင်၊ ဖြူးမြို့နယ်၊ ဖြူးကွန်းကြိုးပြင်ကာကွယ်တောရှိလမ်းများအား ဖျက်ဆီးဆောင်ရွက်ခြင်းမှတ်တမ်းဓါတ်ပုံ။

date: 
Thursday, February 28, 2019 - 12:30