ကျောက်တံခါးမြို့နယ်၊ အိုင်တုံကွန်းကြိုးဝိုင်းအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၆.၂.၂၀၁၉ ရက်နေ့ (၀၈း၁၅) နာရီတွင် ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ တပ်မတော်တပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အိုင်တုံကွန်းကြိုးဝိုင်းအတွင်းမှ တရားမဝင် တောင်သရက်ခွဲသား (၆၄)ချောင်း (၇.၅၂၇၆) တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ဲပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, February 28, 2019 - 12:30