ကမာဝက်ချောင်းနှင့် ကော့ပနောင်ချောင်းနံဘေး လယ်ကွင်းတို့မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၂၆-၂-၂၀၁၉ ရက်နေ့တွင် မွန်ပြည်နယ် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းသိန်းမြင့် ဦးဆောင်သောအဖွဲ့၊ ခမရ(၂၀၉)နှင့် အမတ(၃၁၈)တို့မှ တပ်မတော်အဖွဲ့၊ ကမာဝက်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်၊ SB အဖွဲ့နှင့် စရဖ အဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် မုဒုံမြို့နယ်၊ အဘစ်ဘိနယ်၊ ကမာဝက်ချောင်းနှင့် ကော့ပနောင်ချောင်းနံဘေးလယ်ကွင်းတို့၌ တရားမဝင် ပိတောက်ခွဲသား (၇၆.၁၄၅၀) တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်ခြင်းနှင့် တရားမဝင်သစ် ခိုးထုတ်သယ်ဆောင်မှု မရှိစေရေး နယ်မြေရှင်းလင်း ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, March 1, 2019 - 10:15