ပုသိမ်ကြီးမြို့နယ်၊ ၁၆မိုင်စစ်ဆေးရေးဂိတ်တွင် ၂၂ဘီးယာဉ်တစ်စီးပေါ်မှ တရားမဝင်တမလန်း ခွဲသားများဖမ်းဆီးရမိ

၂၇.၂.၂၀၁၉ ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများအဖွဲ့၊ အကောက်ခွန် ဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီး မြို့နယ်၊ မန္တလေး-ပြင်ဦးလွင်(အတက်)ကားလမ်း၊ (၁၆)မိုင်စစ်ဆေးရေးစခန်း(အတက်)စတင်နေရာ ၌ ယာဉ်အမှတ်MDY-7N/7239 (Volvol ၂၂ဘီး၊ အဖြူရောင်၊ တွဲယာဉ်)ပေါ်မှ တရားမဝင် တမလန်းခွဲသား (၁၂)ချောင်း (၀.၂၄၄၂)တန်နှင့် တရားခံ(၁)ဦးအား ဖမ်းဆီးရမိခဲ့ပြီး၊ ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, March 1, 2019 - 13:00