ရွှေပြည်သာ(၂)နယ်မြေဆိပ်ကမ်းတွင် Super Custom တစ်စီးပေါ်မှ တရားမဝင်ကျွန်းခွဲသားများ ဖမ်းဆီးရမိ

၂၇-၂-၂၀၁၉ ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် ရွှေပြည်သာမြို့နယ်၊ မင်းကြီးမဟာမင်းခေါင်လမ်း၊ စိန်ခဲ/ရွှေခဲငံပြာရည် ဝန်ထမ်းအိမ်ယာ တိုက်တန်း အနီး၊ ရွှေပြည်သာ(၂)နယ်မြေဆိပ်ကမ်း၌ ယာဉ်အမှတ်YGN-8I/6032 (Super Custom ဖြူ/မီးခိုးရောင်)ယာဉ်ပေါ်မှ တရားမဝင် ကျွန်းခွဲသား (၃၃)ချောင်း (၁.၈၁၉၆)တန်နှင့် ယာဉ်နံပါတ်ပြားအပိုတစ်စုံ(YGN-8I/4193)တို့အား ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား စုံစမ်းဖေါ် ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, March 1, 2019 - 13:00