သစ်တောသုတေသနဌာန ရေဆင်းတွင် လစ်လပ်လျှက်ရှိသော သုတေသနလက်ထောက်(၃)၊ ပညာရှင်အဆင့်(၂)၊လစာနှုန်း(၁၉၈၀၀၀ကျပ်-၂၀၀၀ကျပ်-၂၀၈၀၀၀ကျပ်) ရာထူးနေရာအတွက် လျှောက်လွှာများတင်သွင်းနိုင််

၁။ သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး၀န်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန၊ ရေဆင်းတွင် လစ်လပ်လျှက်ရှိသော သုတေသနလက်ထောက်(၃)၊ ပညာရှင်အဆင့်(၂)၊လစာနှုန်း(၁၉၈၀၀၀ကျပ်-၂၀၀၀ကျပ်-၂၀၈၀၀၀ကျပ်) ရာထူးနေရာအတွက် လျှောက်လွှာများတင်သွင်းနိုင်ပါသည်။
၂။ လျှောက်ထားသူသည်-
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ) သိပ္ပံဘွဲ့ (ရုက္ခဗေဒ) B.Sc (Botany) ၊ သိပ္ပံဘွဲ့ (သတ္တဗေဒ) B.Sc (Zoology) နှင့် သိပ္ပံဘွဲ့ (ဓါတုဗေဒ) B.Sc (Chemistry) ဘွဲ့ရရှိပြီး မဟာသိပ္ပံဘွဲ့ တက်ရောက်ရန် အရည်အချင်းပြည့်မီသူဖြစ်ရမည်။
(ဂ) ၂၈-၂-၂၀၁၉ ရက်နေ့တွင် အသက် (၂၅) နှစ်နှင့် မကျော်လွန်သူဖြစ်ရမည်။
(ဃ) အနည်းဆုံးလုပ်သက်တစ်ဆက်တည်း (၅) နှစ် တာ၀န်ထမ်းဆောင်နိုင်သူဖြစ် ရမည်။
(င) မဟာဘွဲ့ရပြီးသူများအတွက် အသက်(၃၀)နှစ်နှင့် ပါရဂူဘွဲ့အတွက် အသက် (၃၅)နှစ်အထက် မကျော်လွန်သူဖြစ်ရမည်။
(စ) ကျန်းမာရေးကောင်းမွန်ပြီး ကိုယ်လက်အင်္ဂါပြည့်စုံ သန်စွမ်းသူဖြစ်၍ ဒေသမရွေး တာ၀န်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
၃။ လျှောက်လွှာကို ကိုယ်ရေးမှတ်တမ်းအကျဉ်းနှင့်အတူ အောက်ပါအထောက်အထားများ ပူးတွဲလျှက် သစ်တောဦးစီးဌာန၊ ရုံးအမှတ်(၃၉) နေပြည်တော်သို့ ၀၉:၀၀နာရီမှ ၁၆:၃၀ နာရီ အတွင်း လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှ မှတ်ပုံတင်၍သော်လည်းကောင်း ၁၁-၃-၂၀၁၉ ရက်နေ့အရောက် နောက်ဆုံးထားပေးပို့လျှောက်ထားရမည်-
(က) ဘွဲ့လက်မှတ်မိတ္တူ (စာမေးပွဲဖြေဆိုသည့်အခါ ဘွဲ့လက်မှတ်မူရင်းတင်ပြရန်)၊
(ခ) အသက်အထောက်အထားအတွက် အခြေခံပညာ အထက်တန်းစာမေးပွဲ အောင်လက်မှတ် မိတ္တူမှန် (စစ်ဆေးသည့်အခါ အောင်လက်မှတ် မူရင်းတင်ပြ နိုင်ရမည်)၊
(ဂ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်း သက်ဆိုင်ရာရဲစခန်းမှ ထောက်ခံ ထားသည့် ပြစ်မှု/မူခင်းကင်းရှင်းကြောင်းထောက်ခံချက်မူရင်း၊
(ဃ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်းရိုက်ကူးထားသော ရောင်စုံလိုင်စင် ဓါတ်ပုံ(၂)ပုံ (နောက်ကြောတွင်အမည်နှင့် နိုင်ငံသားစစ်ဆေးရေးကဒ်ပြား အမှတ် အသားဖေါ်ပြရန်)
(င) လျှောက်လွှာပိတ်ရက်မတိုင်မီ (၆)လအတွင်းရိုက်ကူးထားသော ရောင်စုံလိုင်စင် ဓါတ်ပုံ(၂)ပုံ (နောက်ကြောတွင်အမည်နှင့် နိုင်ငံသားစစ်ဆေးရေး ကတ်ပြား အမှတ်အသားဖေါ်ပြရန်)
(စ) ပြင်ပမှာလျှောက်ထားသူများအတွက် အလုပ်သမားမှတ်ပုံတင်မိတ္တူ။
၄။ ရေးဖြေစာမေးပွဲကို သစ်တောနှင့်ပတ်၀န်းကျင်ဆိုင်ရာတက္ကသိုလ် (ရေဆင်း)၊ နေပြည်တော်တွင် အောက်ပါနေ့ရက်များ၌ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ တစ်ဦးချင်းထံသို့ အကြောင်းကြားမည်မဟုတ်ပါ။
၅။ ရေးဖြေစာမေးပွဲတွင် အောက်ပါဘာသာရပ်များ ဖြေဆိုရပါမည်-
စဉ် ဘာသာရပ် ဖြေဆိုမည့်ရက် အချိန်
(က) မြန်မာစာ ၁၆-၃-၂၀၁၉ (စနေနေ့) ၀၉:၀၀နာရီမှ ၁၁:၀၀ နာရီအထိ
(ခ) အင်္ဂလိပ်စာ ၁၆-၃-၂၀၁၉ (စနေနေ့) ၁၃: ၀၀ နာရီမှ ၁၅:၀၀ နာရီအထိ
(ဂ) အထွေထွေဗဟုသုတ ၁၇-၃-၂၀၁၉ တနင်္ဂနွေနေ့ ၀၉:၀၀နာရီမှ ၁၁ : ၀၀ နာရီအထိ

၆။ စာမေးပွဲဖြေဆိုရန်အတွက် လျှောက်ထားသူတစ်ဦးချင်းစီ၏ စာမေးပွဲခုံနံပါတ်များကို သစ်တောဦးစီးဌာန၏ Website www.forestdepartment.gov.mm. နှင့် www. facebook.com/forestdepartment.gov.mm တွင်ကြေညာပေးထားမည်ဖြစ်ပြီး စာမေးပွဲ အောင်မြင်သူများအား လူတွေ့ဖြေဆိုရမည့် ရက်စွဲ၊ အချိန်၊ နေရာတို့ကို ဆက်လက်ထုတ်ပြန် ကြေငြာပေးမည် ဖြစ်ပါသည်။
၇။ စာမေးပွဲဖြေဆိုရန် လျှောက်ထားသူများသည် စာမေးပွဲဖြေဆိုမည့်နေ့၏ နံနက်(၈:၀၀) နာရီအရောက် ဖြေဆိုရမည့်နေရာသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ လာရောက် သတင်းပေးပို့ရမည်ဖြစ်ပြီး စတင်စစ်ဆေးမည့် သတ်မှတ်ချိန်ထက်နောက်ကျ၍ ရောက်ရှိ လာသူများအား စာမေးပွဲဖြေဆိုခွင့် ခွင့်ပြုမည်မဟုတ်ပါ။
၈။ စည်းကမ်းနှင့်မကိုက်ညီသော (သို့မဟုတ်) မပြည့်စုံသော (သို့မဟုတ်) သတ်မှတ်ရက် ထက် ကျော်လွန်မှရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားမည် မဟုတ်ပါ။
၉။ ရေးဖြေစာမေးပွဲ လာရောက်ဖြေဆိုရာတွင်လည်းကောင်း၊ လူတွေ့စစ်ဆေးခံရန် လာရောက်သည့်အခါတွင်လည်းကောင်း မိမိစရိတ်ဖြင့် လာရောက်ကြရပါမည်။
၁၀။ ရေးဖြေစာမေးပွဲအောင်မြင်သူများကိုသာ လူတွေ့စစ်ဆေးခြင်းပြုပါမည်။
၁၁။ အခြားစုံစမ်းမေးမြန်းလိုပါက သစ်တောဦးစီးဌာန၊ တယ်လီဖုန်းအမှတ် ၀၆၇-၃၄၀၅၁၀၈ /၀၆၇-၃၄၀၅၁၈၀သို့ ဆက်သွယ်မေးမြန်းနိုင်ပြီး လျှောက်လွှာများကို သစ်တောဦးစီးဌာန၏ Website www.forestdepartment.gov.mm တွင် download ရယူနိုင်ပါသည်။

သစ်တောဦးစီးဌာန

date: 
Friday, March 1, 2019 - 13:30