သာယာဝတီမြို့နယ်တွင် တရားမဝင်ကျွန်းသစ်လုံးများ ဖမ်းဆီးရမိခြင်း

၃-၃-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ၊ လက်ပံတန်းဦးစီးအရာရှိတို့ ဦးဆောင်သော သစ်တောဝန်ထမ်း များအဖွဲ့၊ နယ်မြေခံတပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ပါဝင်သောပူးပေါင်းအဖွဲ့သည် သာယာဝတီ မြို့နယ်၊ မြောက်ဇာမရီကြိုးဝိုင်းအတွင်းသို့ ဝင်ရောက်စစ်ဆေးရာစုစုပေါင်း တရားမဝင်ကျွန်း သစ်လုံး / ခွဲကြမ်း(၃၃)လုံး/ ခြမ်း (၈.၂၂၆) တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး လုံခြုံရာသို့ သယ်ယူပြီးပါကြောင်း သတင်းရရှိပါသည်။

date: 
Monday, March 4, 2019 - 15:30