မင်းတုန်း - မြောက်ပြင် ဆက်သွယ်ရေးလမ်းအနီးဝန်းကျင်မှ တရားမဝင်သစ် များဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေပို့အချက်အရ ၅-၃-၂၀၁၉ ရက်နေ့ ( ၂၀ : ၃၀ ) နာရီအချိန်ခန့်တွင် မင်းတုန်းမြို့နယ် ၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ နှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် နှင့်အဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မင်းတုန်း - မြောက်ပြင် ဆက်သွယ်ရေးလမ်း၏ အနောက်ဘက် ( ၂ ) ဖာလုံခန့်အကွာ နေရာမှ တရားမဝင်ကျွန်း/ပျဉ်းကတိုးခွဲသား စုစုပေါင်း ( ၇၀၂ ) ချောင်း (၁၃.၄၄၅၀) တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, March 6, 2019 - 13:15