တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) တွင် ပင်ဂွင်းငှက် (၃)ကောင်ပေါက်ဖွား

တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) ပင်ဂွင်းပြကွက်တွင် မွေးမြူပြသထားသော ပင်ဂွင်း အထီး(၆)ကောင်၊ အမ(၃)ကောင်၊ စုစုပေါင်း(၉)ကောင်ရှိသည့်အနက် ပင်ဂွင်း EBISU (အထီး) နှင့် ပင်ဂွင်း HIMAWARI(အမ) တို့မှ ၂၆-၁-၂၀၁၉ ရက်နေ့တွင် ပင်ဂွင်းငှက်ငယ်(၁)ကောင် နှင့် (၂၉-၁-၂၀၁၉) ရက်နေ့ တွင် (၁)ကောင်၊ ပင်ဂွင်း KAWASE (အထီး) နှင့် ပင်ဂွင်း MUROTO (အမ) တို့မှ (၁၄-၂-၂၀၁၉) ရက်နေ့တွင် (၁) ကောင်၊စုစုပေါင်း ပင်ဂွင်းငှက်ငယ်(၃) ကောင်ပေါက်ပွားခဲ့ပါသည်။ ပင်ဂွင်းသားပေါက်(၃)ကောင်မှာ လသားအရွယ်ဖြစ်သဖြင့် အထီး/ အမ ခွဲခြား၍မရနိုင်သေးပါကြောင်း၊ မိခင်ပင်ဂွင်းငှက် နှင့် ကလေးငယ်များမှာ ကျန်းမာရေး ကောင်းမွန်လန်းဆန်းလျှက်ရှိပါသည်။

date: 
Wednesday, March 6, 2019 - 13:45