ဘောလခဲမြို့နယ်၊ စွတ်ပိုင်ဒေသဝန်းကျင်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၃.၃.၂၀၁၉ ရက်နေ့ (၁၇:၃၀)နာရီအချိန်တွင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဘောလခဲ မြို့နယ်၊ ရွာသစ်မြို့နယ်ခွဲ၊ စွတ်ပိုင်ဒေသ၏ မြောက်ဘက်(၄)မိုင်ခန့်အကွာမှ တရားမဝင် ကျွန်း/ပိတောက် သစ်လုံး (၃၀)လုံး (၁၀.၁၇၉၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများ အား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, March 7, 2019 - 10:00