မဟာအောင်မြေမြို့နယ်၊ စစ်ကိုင်းတံတားမှမြစ်ငယ်သွားလမ်းတွင် တရားမဝင်သစ်များတင်ဆောင် လာသောယာဉ်အား ဖမ်းဆီးရမိ

၄.၃.၂၀၁၉ ရက်နေ့ (၂၁:၁၀)နာရီအချိန်တွင် မဟာအောင်မြေမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ စစ်ကိုင်းတံတားမှ မြစ်ငယ်သွား လမ်း၊ မိုင်တိုင်အမှတ်(၄/၃)နေရာ၌ ယာဉ်အမှတ်X/7550 (NISSAN DIESEL ၆ဘီး ခေါင်းဖြူ/စိမ်းကြား)ယာဉ်ပေါ်မှ တရားမဝင် အင်ခွဲသား (၄၉)ချောင်း (၂.၁၉၂၆)တန်အား တရားခံ (၁)ဦးနှင့်တူ ဖမ်းဆီးရမိခဲ့ပြီး၊ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး အမရပူရမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, March 7, 2019 - 10:00