သုံးဆယ်မြို့၊ အလယ်ကုန်းကျေးရွာတွင်း လမ်းဘေးတွင် ယာဉ်(၁)စီးပေါ်မှ တရားမဝင်ကျွန်းတံခါးချပ်များ ဖမ်းဆီးရမိ
၆-၃-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် သာယာဝတီတိုးဂိတ်နေရာတွင် စစ်ဆေးခံယူခြင်းမရှိဘဲ ထွက်ပြေးမောင်းနှင်သွားသည့် ယာဉ်အား ပိတ်ဆို့ရှာဖွေဖမ်းဆီးရေးဆောင်ရွက်ရာ သုံးဆယ်မြို့၊ အလယ်ကုန်းကျေးရွာတွင်း လမ်းဘေးတွင် ယာဉ်အမှတ် (4J/3480) ISUZU ယာဉ်အား တွေ့ရှိခဲ့၍ သစ်တောရုံးဝန်းအတွင်းသို့ သယ်ယူချတိုင်းစစ်ဆေးခဲ့ရာ တရားမဝင်ကျွန်းတံခါးချပ်(၈၀)ချပ် (၁.၇၆၆၆)တန်နှင့် တံခါးဆံတံခါးဘောင်(၀.၁၇၁၆)တန် စုစုပေါင်း (၁.၉၃၈၅)တန်အား ဖမ်ဆီးရမိပြီး၊ ဆက်စပ်ပက်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။


date:
Friday, March 8, 2019 - 13:15
