မြေပုံမြို့နယ်တွင် စက်လှေ(၁)စီးပေါ်မှ တရားမဝင်သင်ပုန်းခွဲသားများ ဖမ်းဆီးရမိ
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် ရရှိသတင်းအရ ရခိုင်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ သတင်းချပြညွှန်ကြားချက်ဖြင့် မြေပုံမြို့နယ်၊ သစ်တောဝန်ထမ်းများအဖွဲ့သည်နယ်မြေရှင်းလင်းခြင်းဆောင်ရွက်ရာ (၇-၃-၂၀၁၉)ရက်နေ့ (၁၃:၃၀)အချိန်တွင် ခမမပည 46Q..ET.733932 နေရာမှ စက်လှေ တစ်စီး တရားခံ ၅ ဦးနှင့်အတူ သင်ပုန်းခွဲသား ဒုကြီးဆိုဒ်စုံ ခန်မှန်း (၁၀၀) ချောင်းခန့် (ခန့်မှန်း ၂၀ တန်အား)ဖမ်းဆီးရမိသဖြင့် ကမ်းထောင့်ကြီးဘိနယ်စခန်းသို့သယ်ဆောင်ပြီးတရားခံများအားတရားစွဲဆိုနိုင်ရေးဆောင်ရွက်လျှက်ရှိပါ ကြောင်းတင်ပြအပ်ပါသည်။

date:
Friday, March 8, 2019 - 13:15
