လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုံတွင် မော်တော်ယာဉ်(၃)စီးနှင့် တရားမဝင်ကျွန်း/ ပိတောက်ခွဲသားများ ဖမ်းဆီးရမိ
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့မှု ၊ သစ်တောဦးစီးရုံးချုပ်၏ သတင်းချပြမှု ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရွှေလင်ဗန်းစက်မှုဇုံ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရွှေလင်ဗန်းစက်မှုဇုံစီမံခန့်ခွဲရေးကော်မတီဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် (၆-၃-၂၀၁၉)ရက်နေ့၌ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုံ၊ ပြင်စည်မင်းသားကြီး လမ်း၊ အမှတ်(၁၃၉) ခြံဝန်းအတွင်းရှိ ဂိုဒေါင်အတွင်းမှ ကျွန်း/ပိတောက်ခွဲသား(၅၆၉)ချောင်း (၇၇.၈၂၀၄)တန်နှင့် မော်တော်ယာဉ် (၃)စီးတို့အား ဖမ်းဆီးရမိခဲ့ပြီး သိရှိတရားခံ(ခြံပိုင်ရှင်)(၁)ဦးနှင့် ဆက်စပ်ပက်သက်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျှက်ရှိပါသည်။