ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာ နယ်မြေ(၁)ရှိ ဦးအောင်ဇော်ဦး၏ နေအိမ်ခြံ၀န်းအတွင်း တရားမဝင်သစ်များဖမ်းဆီးရမိ

၇-၃-၂၀၁၉ ရက်နေ့၊ CMRSစနစ်ဖြင့်သတင်းပေးပို့ချက် အရ မြောင်းမြခရိုင်၊သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောသစ် တော၀န်ထမ်း များနှင့် စက်ဆန်းကျေးရွာမှ အုပ်ချုပ်ရေးမှူးတို့ပါဝင်သောပူးပေါင်းအဖွဲ့သည် ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာ၊ နယ်မြေ(၁)ရှိ ဦးအောင်ဇော်ဦး နေအိမ်ခြံ၀င်းအတွင်းမှ ဦးအောင်ဇော်ဦး ပိုင်ဆိုင်သော သစ်စက်(၁)လုံးနှင့်အတူ တရားမ၀င် တောင်သရက် ခွဲသား(၂၁၃)ချောင်း( ၆.၄၉၉၁ )တန်အားဖမ်းဆီးရမိပြီး ဦးအောင်ဇော်ဦးအား သစ်တောဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်လျှက်ရှိပါသည်။

date: 
Monday, March 11, 2019 - 10:30