တောင်ငူမြို့နယ်၊ ခပေါင်းကြိုးဝိုင်း အကွက်(၁၆၄)အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

၇-၃-၂၀၁၉ရက်နေ့တွင် CMRSစနစ်ဖြင့်သတင်းပေးပို့ချက်အရ ပဲခူးတိုင်းဒေသကြီး သစ်တောဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့၊ တောင်ငူမြို့နယ် နှင့် ပေါက်ခေါင်းမြို့နယ်တို့မှ ဦးစီးအရာရှိ များ ပါသော သစ်တောဝန်ထမ်းအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ် ခပေါင်းကြိုးဝိုင်းအကွက်(၁၆၄)အတွင်း၌ ကျွန်း/ပျဉ်းကတိုးသစ်လုံး (၇၈)လုံး (၆၀)တန်ခန့် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, March 11, 2019 - 10:30