အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာအုပ်စု၊ ကဇုကိုင်းကျေးရွာကမ်းစပ်တွင် စက်လှေ(၁)စီးပေါ်မှ တရားမဝင်သစ်ပုတ်ခွဲသားများ ဖမ်းဆီးရမိ

(၆-၃-၂၀၁၉)ရက်နေ့ ရခိုင်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာအုပ်စု၊ ကဇုကိုင်းကျေးရွာကမ်းစပ်နေရာ၌ တရားမဝင်သစ်ပုတ်ခွဲသား (၄၈၂)ချောင်း (၅.၃၅၂၈)တန်တင်ဆောင်ထားသော စက်လှေ တစ်စီး တရားခံ ၁ ဦးနှင့်အတူ ဖမ်းဆီးရမိသဖြင့် တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျှက်ရှိပါသည်။

date: 
Monday, March 11, 2019 - 14:15