မိုးမောက်မြို့နယ်၊ နောင်းကွမ်းကျေးရွာတွင် တရားမဝင်သစ်စက်များနှင့် တရားမဝင်သစ်/ခြမ်းများ ဖမ်းဆီးရမိ
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့မှု ၊ သစ်တောဦးစီးရုံးချုပ်၏ သတင်းချပြမှုဖြင့် ၉-၃-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမောက်မြို့နယ်၊ နောင်းကွမ်းကျေးရွာအတွင်း တရားမဝင်သစ်စက်အင်ဂျင်(၅)လုံးအပါအဝင် ဆက်စပ်ပစ္စည်းများနှင့် တရားမဝင်သစ်မျိုးစုံ(၁၉၇)လုံး/ခြမ်း (၆၈.၄၃၂) တန်အား တရားခံ(၆)ဦးနှင့်အတူ ဖမ်းဆီးရမိပြီး၊ တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။
date:
Tuesday, March 12, 2019 - 10:30