မင်းတုန်းမြို့နယ်၊ ကျောက်ကြီးချောင်းတစ်လျှောက် တရားမဝင်ကျွန်းခွဲသားများဖမ်းဆီးရမိ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း ဆောင်ရွက်လျှက်ရှိရာ(၉-၃-၂၀၁၉) ရက်နေ့မှ (၁၀-၃-၂၀၁၉)ရက်နေ့ထိ မင်းတုန်းမြို့နယ်၊ ကျောက်ကြီးချောင်းတစ်လျှောက်ကွင်း နင်းရှာဖွေရာ တရားမဝင်ကျွန်းခွဲသားဆိုဒ်စုံ(၅၆)ချောင်း (၇.၅၄၃၂)တန်အား(ပိုင်ရှင်မဲ့) ဖမ်းဆီးရမိပြီး၊ ဆက်စပ်တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။

date: 
Tuesday, March 12, 2019 - 10:45