ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေးအစီအစဉ် ကျင်းပပြုလုပ်

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တော ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်း ကျောင်း (AFoCO RETC)တွင် ၂၀၁၈ ခုနှစ်မှစ၍ သင်တန်းများ ဖွင့်လှစ်ကျင်းပ လျက်ရှိပြီး “ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေးအစီအစဉ်” အရ မှော်ဘီမြို့ နယ်၊ ပညာရေးမှူးရုံးနှင့် ညှိနှိုင်းလျက် အခြေခံပညာ ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား ဖိတ်ကြား၍ သစ်တောကဏ္ဍဆိုင်ရာ ပညာပေး အစီအစဉ်များ ကျင်းပပြုလုပ် လျက်ရှိပါသည်၊
“ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေးအစီအစဉ်” အရ ၂၀၁၉ ခုနှစ်၊ မတ်လ (၆)ရက်နေ့၌ မှော်ဘီမြို့နယ်၊ လှပဒါး(အ.မ.က)မှ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၀၉)ဦးနှင့် ကြီးကြပ်သူ ဆရာ/ဆရာမ (၁၁)ဦး စုစုပေါင်း(၁၂၀)ဦးတို့မှ လည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ မတ်လ (၈)ရက်နေ့၌ မှော်ဘီမြို့နယ်၊ ရွှေမြယာဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ အလယ်တန်းအဆင့် နှင့် မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၁၀)ဦးနှင့် ကြီးကြပ်သူ ဆရာ/ ဆရာမ(၁၀)ဦး စုစုပေါင်း(၁၂၀)ဦးတို့မှ လည်းကောင်း လာရောက် လေ့လာခဲ့ကြ ပါသည်၊ အစီအစဉ်အရ လေ့လာရေးခရီး လာရောက်ကြသည့် ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများမှ မှတ်ပုံတင် စာရင်းရေးသွင်းခြင်း၊ ဦးနေမျိုးဝင်း(ဦးစီးအရာရှိ)က သစ်တောသစ်ပင်များ၏ အရေးပါပုံအကြောင်း သိ ကောင်းစရာများ အကြောင်းအား ဆွေးနွေးပြောကြားခြင်း၊ဒေါ်အိစန္ဒီဆက်(ဦးစီးအရာရှိ)က အာရှဒေသ သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ဒေသအဆင့် လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC) တည် ထောင်ခြင်း စီမံကိန်းအကြောင်းကို ဆွေးနွေးပြောကြားခြင်း၊ တက်ရောက်လာကြသည့် ဆရာ/ဆရာမများမှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေး မေးမြန်းခြင်းအား သင်တန်းကျောင်းမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခြင်း၊သင်တန်းကျောင်းနှင့် ပတ်သက်သည့် ဗီဒီယိုမှတ်တမ်းဖိုင်အား Projector ဖြင့် ပြသ ခြင်းနှင့် လေ့လာသူ ဆရာ/ဆရာမများအား သင်တန်းကျောင်းမှ တာဝန်ရှိသူများက သင်တန်းကျောင်းအတွင်းသို့ လှည့်လည်ပြသခဲ့ပြီး မေးမြန်းသည်များကို ပြန်လည် ဖြေကြားခြင်း၊ ဆက်လက်၍ ပျိုးဥယျာဉ်နှင့် လေ့ကျင့်ရေးသစ်တောသို့ သွားရောက်လေ့လာခြင်း၊ အမှတ်တရ လက်ဆောင်များ ပေးအပ်ခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

date: 
Tuesday, March 12, 2019 - 11:15