တောင်ငူမြို့နယ်၊ လိပ်သိုလမ်းခွဲ၊ မိုင်တိုင်အမှတ်(၁၅/၁)နှင့် ပိန္နဲပင်ကျေးရွာ အနီးတို့တွင် ကား(၂)စီးပေါ်မှ တရားမဝင်ပိတောက်ခွဲသားများ ဖမ်းဆီးရမိ

၁၁.၃.၂၀၁၉ ရက်နေ့ (၀၄:ဝ၀) အချိန်တွင်တောင်ငူခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တော ဝန်ထမ်းများ၊ တောင်ပိုင်းတိုင်း စစ်ဌာနချူပ် တပ်စု (၂)မှ တပ်စုမှူး ဗိုလ်ကြီး တင်ထွန်းအောင် နှင့် တပ်မတော်တပ်ဖွဲ့ဝင်များ ပါ ပူးပေါင်း အဖွဲ့သည် သတင်း အရ တောင်ငူမြို့နယ်၊ လိပ်သိုလမ်းခွဲ၊ မိုင်တိုင်အမှတ်(၁၅/၁) အ နီး နှင့် ပိန္နဲပင်ကျေးရွာ အနီး တို့တွင် ယာဉ်အမှတ်မပါNissan Diesel (၆)ဘီးယာဉ်(၂)စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား စုစုပေါင်း (၈.၈၂၃၀) တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ ခဲ့ပါပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး အမှုဖွင့် ဆောင်ရွက်လျက်ရှိပါသည်

date: 
Wednesday, March 13, 2019 - 14:30