ကျောက်ထု-ပေါက်-ပခုက္ကူ ကားလမ်းတွင် တရားမဝင်သစ်များတင်ဆောင်ထားသော ယာဉ်တစ်စီး ဖမ်းဆီးရမိ

၁၂-၃-၂၀၁၉ ရက်နေ့(၁၃:၄၀) နာရီ အချိန်တွင် ပေါက်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးပါ သစ်တော ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်းရေးအဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး၏ ချပြသတင်းအရ ကွင်းဆင်းစစ်ဆေးရာ ကျောက်ထု-ပေါက်-ပခုက္ကူ ကားလမ်း မိုင်တိုင်အမှတ် ၆၁/၇ နှင့် ၆၂/ဝကြား နေရာ၌ ရပ်တန့်ထား သော NISSAN DIESEL အပြာရောင် (၁၂)ဘီးယာဉ်အားစစ်ဆေးရာ ယာဉ် ပေါ်တွင် တရားမဝင် ပိတောက်ခွဲသားများ ခန့်မှန်း (၁၀)တန်ခန့်တင်ဆောင်ထားသည်ကို စစ်ဆေးတွေ့ရှိရပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။

date: 
Wednesday, March 13, 2019 - 14:30