၄-၃-၂၀၁၉ ရက်နေ့မှ ၁၀-၃-၂၀၁၉ ရက်နေ့အထိ နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ဖမ်းဆီးရမိမှုများ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သောစာရင်းများအရ တရားမဝင် ကျွန်း(၀.၈၂၄၀)တန်၊ အခြား(၇၉.၂၅၂၇)တန်၊ စုစုပေါင်း (၈၀.၀၇၆၇)တန်၊ တရားခံ(၄၈)ဦး၊ ယာဉ်/ယန္တရား(၂၃)စီး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူ မြို့နယ်၊ ခပေါင်းကြိုးဝိုင်း အကွက်(၁၆၄)၊ မီးပေါက်ချောင်းဘေးမှ တရားမဝင် ကျွန်းသစ်(၁၀၈)လုံး (၂၆.၈၅၆၀)တန်၊ ပျဉ်းကတိုးသစ်(၂၄)လုံး (၉.၂၉၀၀)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

date: 
Wednesday, March 13, 2019 - 14:30