မြစ်ကြီးနားမြို့နယ်၊အပိုင်း(၃)၊နန်ကျင်ကျေးရွာအနီးတရားမဝင်သစ်များဖမ်းဆီးရမိ

(၁၃-၃-၂၀၁၉)ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊အပိုင်း(၃)၊နန်ကျင်ကျေးရွာတွင် တရားမဝင်ကံ့ကော်ဖို/ သပြေ/တောဇီး/ကညင်/တောဂွေး/ကြေးလံ/တောင်သရက်သစ်(၅၄)လုံး (၅၁.၂၆၈၀)တန်အား ဖမ်းဆီးရမိပြီး၊ ဆက်စပ်တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးစီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, March 15, 2019 - 14:15