အုတ်တွင်းမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်းသစ်များ ဖမ်းဆီးရမိ

၁၂.၃.၂၀၁၉ ရက်နေ့တွင် အုတ်တွင်းမြို့နယ်၊ ဦးစီးအရာရှိ နှင့် သစ်တောဝန်ထမ်းများ၊ အမှတ်(၆) တပ်မတော် တန်းမြင့်လေ့ကျင့် ရေးကျောင်းမှ ဗိုလ်ကြီးဇော်ဝင်းဌေး နှင့် တပ်မတော်တပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော စစ်ကြောင်းအဖွဲ့သည် ခပေါင်းကြိုးဝိုင်းအတွင်း နယ်မြေ ရှင်းလင်းခြင်း ဆောင်ရွက်ရာ ကျွန်းသစ်/ပါကေး စုစုပေါင်း (၅.၆၁၂၆) တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, March 15, 2019 - 14:15