ပြည်ပနိုင်ငံများသို့သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်

၁၈-၃-၂၀၁၉ ရက်နေ့၊ နံနက်(၉း၃၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစီအစဉ်အရ ဒေါ်ဆုစန္ဒာအောင်(ဦးစီးအရာရှိ)သဘာဝ၀န်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက UAE နိုင်ငံတွင်ကျင်းပခဲ့သည့် (ရမ်ဆာကွန်ဆာဗေးရှင်း အဖွဲ့ဝင်နိုင်ငံများ (၁၃)ကြိမ်မြောက် အစည်းအဝေး (Ramsar Convention Cop 13 )တက်ရောက်ခဲ့သည် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ဦးတင်မြစိုး(ဦးစီးအရာရှိ) သဘာဝ၀န်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက ကိုရီးယား နိုင်ငံတွင်ကျင်းပခဲ့သည့် (2018 Capacity Building Program on Forest) တက်ရောက်ခဲ့သည့် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

date: 
Monday, March 18, 2019 - 11:15