မော်လမြိုင်ကျွန်းမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ ကျွန်းပြဿဒ်မြစ်အတွင်း ဖားကူးစက်လှေ(၁)စီးပေါ်မှ တရားမဝင်သစ်ခှဲသားများ ဖမ်းဆီးရမိ

၁၄-၃-၂၀၁၉) ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ သစ်တောဦးစီးဌာန သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု၊ ကျွန်းပြဿဒ်မြစ်အတွင်း ဖားကူးစက်လှေ(၁)စီးပေါ်မှ တရားမဝင်တောင်သရက်/သစ်ပုတ်/ ဘောင်ဆန့် ခွဲသား (၆၆)ချောင်း (၁၄.၂၇၄၆)တန်အား တရားခံ(၃)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, March 18, 2019 - 13:45