ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်(၁)စီးပေါ်မှ တရားမဝင်ကျွန်းခှဲသားများ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့သည် (၁၆-၃-၂၀၁၉)ရက်နေ့ ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၆၁/၁)နှင့် (၁၆၁/၂)ကြားနေရာ၌ ယာဉ်အမှတ်မပါ HIACE ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား(၃၆)ချောင်း (၄.၅၁၅၄)တန်အား ဖမ်းဆီးရမိခဲ့ပြီး တရားခံအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, March 18, 2019 - 15:45