သစ်တောဦးစီးဌာနနှင့် ထူးကုမ္ပဏီများအုပ်စုတို့၏ တိရစ္ဆာန်ဥယျာဉ် လုပ်ငန်းများဆိုင်ရာ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၁၈-၃-၂၀၁၉ ရက်နေ့ နေလည်(၁:ဝ၀) နာရီအချိန်တွင် သစ်တောဦးစီးဌာနနှင့် ထူးကုမ္ပဏီများအုပ်စုတို့၏ တိရစ္ဆာန်ဥယျာဉ် လုပ်ငန်းများဆိုင်ရာ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာ သစ်တောဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်မှ အဖွင့်အမှာစကားပြောကြားပါသည်။အခမ်းအနားသို့ သစ်တောဦးစီးဌာနမှ အရာရှိကြီးများ၊ ထူးကုမ္ပဏီမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အစည်းအဝေးတက်ရောက်သူများမှ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပါသည်။

date: 
Monday, March 18, 2019 - 16:00