ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်(၁)စီးပေါ်မှ တရားမဝင်ကျွန်းခွဲသားများ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တော ဝန်ထမ်းများ၊ တောင်ငူခရိုင် တရားမဝင်သစ်ဖမ်းဆီးရေးစစ်ကြောင်းတာဝန်ကျ သစ်တောဝန်ထမ်း များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် (၁၈-၃-၂၀၁၉) ရက်နေ့ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၁၀/၃)မိုင်အနီးနေရာ၌ ယာဉ်အမှတ်(2M/2004) ယာဉ်ပေါ်မှ တရားမဝင်ကျွန်းခွဲသား(၄၉)ချောင်း (၃.၆၁၉)တန် အားဖမ်းဆီးရမိခဲ့ပြီး တရားခံအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, March 19, 2019 - 11:45