တောင်ငူမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအတွင်း တရားမဝင်သစ်စက်များနှင့် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၅-၃-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ အမှတ်(၃၀၂၉)လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း တောင်ငူမြို့မှ ဗိုလ်ကြီးဇေယျာလင်းပါ(၆)ဦး၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တောင်ငူမြို့နယ်၊ ခပေါင်းကြိုးဝိုင်းအတွင်း တရားမဝင်သစ်စက်အင်ဂျင်(၂)လုံးအပါအဝင် ဆက်စပ်ပစ္စည်းများနှင့် တရားမဝင်ကျွန်း/ပျဉ်းကတိုးသစ်(၃၂)လုံး (၈.၉၃၆) တန်အား ဖမ်းဆီးရမိပြီး၊ ဆက်စပ်ပတ်သက်သောတရားခံများအား စုံစမ်းဖော်ထုတ်၍ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Tuesday, March 19, 2019 - 11:45