ဆင်ပေါင်ဝဲ၊ အောင်လံ၊ လယ်ဝေး၊ ရေတာရှည် မြို့နယ်များအတွင်း နယ်မြေရှင်းလင်းဆောင်ရွက်ရာ တရားမဝင်သစ်ခွဲသားများ ဖမ်းဆီးရမိ

သစ်တောဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်မှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲ တပ်ဖွဲ့ဝင်များ ပါဝင်သော စစ်ကြောင်းအဖွဲ့သည် ၁၉.၃.၂၀၁၉ ရက်နေ့တွင် ဆင်ပေါင်ဝဲ၊ အောင်လံ၊ လယ်ဝေး၊ ရေတာရှည် မြို့နယ်များအတွင်း နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ တရားမဝင် ကျွန်းခွဲသား ၂၀၂ ချောင်း ၁၈.၀၁၈၄ တန်၊ ပျဉ်းကတိုးခွဲသား ၈၈ ချောင်း ၄.၄၄၈၄ တန်၊ ထောက်ကြံ့ ခွဲသား ၉ ချောင်း ၁.၃၁၈၆ တန်၊ စုစုပေါင်းခွဲသား (၂၉၉) ချောင်း (၂၃.၇၈၅၄) တန်များအား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, March 21, 2019 - 14:45