သစ်တောဦးစီးဌာနနှင့် JICA တို့ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် FDSNR Project အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၂၁-၃-၂၀၁၉ ရက်နေ့ နံနက်(၁၁:ဝ၀) နာရီအချိန်တွင် သစ်တောဦးစီးဌာနနှင့် JICA တို့ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် FDSNR Project အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း)ဦးကျော်ကျော်လွင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ အခမ်းအနားသို့ သစ်တောဦးစီး ဌာနမှ အရာရှိကြီးများ၊ JICA မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

date: 
Thursday, March 21, 2019 - 15:00