ရေတာရှည်မြို့နယ်၊ ကိုးပင်-သာဂရကားလမ်း၊ မိုင်တိုင်(၈/၁)အနီး (၈)မိုင်ရွာတောင်ဘက် (၁)မိုင်ခန့်အကွာမှ တရားမဝင်သစ် ဖမ်းဆီးရမိ

၁၉-၃-၂၀၁၉ ရက်နေ့တွင် တောင်ငူခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်စိုး ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ပါဝင်သောပူးပေါင်း အဖွဲ့သည် ရေတာရှည်မြို့နယ်၊ ကိုးပင်-သာဂရကားလမ်း၊ မိုင်တိုင်(၈/၁)အနီး (၈)မိုင်ရွာတောင်ဘက် (၁)မိုင်ခန့်အကွာမှ တရားမဝင်သစ်ရှာဖွေဖမ်းဆီးခြင်း ဆောင်ရွက်ရာ တရားမဝင် ကျွန်းခွဲသား (၅၀)ချောင်း (၇.၀၅၃၄) တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, March 22, 2019 - 12:45