အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အခမ်းအနားကျင်းပ

အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနားကို၂၁-၃-၂၀၁၉ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ၌ သစ်တောသုတေသနဌာန၊ ရေဆင်း၊ နေပြည်တော်တွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ တက်ရောက် ၍ အမှာစကားပြောကြားပါသည်။ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆက်စပ်ဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရေဆင်းနယ်မြေ တက္ကသိုလ်အသီးသီးနှင့် အထက်တန်းကျောင်း၊ မူလတန်းကျောင်းအသီးသီးတို့မှ ဆရာဆရာမများ နှင့် ကျောင်းသူ/ကျောင်းသားများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြပါသည်။

date: 
Friday, March 22, 2019 - 12:45