မိုင်းဆတ်မြို့နယ်၊ နောင်ဖာကျေးရွာအနီးမှ တရားမဝင်သစ်များနှင့် ယာဉ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်း အရ ၁၈.၃.၂၀၁၉ ရက်နေ့တွင် မိုင်းဆတ်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်း များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်တပ် ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ မယ်နင်အုပ်စု၊ နောင်ဖာ ကျေးရွာအရှေ့ဘက်မှ ကား(၂)စီး၊ ဘတ်ဟိုး(၁)စီး၊ ဆိုင်ကယ်(၃)စီး၊ တရားမဝင် ပိတောက်စကွဲယား (၁၉၆)တုံး (၁၈.၆၅၆၂)တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, March 25, 2019 - 13:15