ပင်လည်ဘူးနှင့်ကျွန်းလှမြို့နယ်အတွင်းသစ်စက်(၄)လုံးနှင့်တရားမဝင်သစ်များဖမ်းဆီးရမိ

ရွှေဘိုခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် (၁၈.၃.၂၀၁၉)ရက်နေ့မှ (၂၁.၃.၂၀၁၉)ရက်နေ့အထိ နယ်မြေ ရှင်းလင်းခြင်းဆောင်ရွက်ရာ ပင်လည်ဘူးမြို့နယ်၊ တင်းဝါးကြိုးဝိုင်းနှင့် ကန္တီကြိုးဝိုင်း/ ကျွန်းလှမြို့နယ်၊ နန်းဘရန်းကြိုးဝိုင်း တို့အတွင်းမှ တရားမဝင် သစ်စက်(၄)လုံးနှင့် ကျွန်း/ ပျဉ်းကတိုးခွဲသား စုစုပေါင်း (၅၄.၁၅၅၈)တန် ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, March 25, 2019 - 13:15